အဓမ္မ မတရားသဖြင့် တိုင်းပြည်ကို လုယက်၊ သိမ်းပိုက်အုပ်ချုပ်၊ အခွင့်အရေးမှန်သမျှကိုရသမျှ အကုန်ယူ နေတဲ့။
ရာဇာ မင်းယုတ်၊ မင်းဆိုး၊ ကောက်ကျစ်စဉ်းလဲ၊ဲ မကောင်းဆိုးဝါး သတ္တ၀ါပေါင်းများစွာ တို့သည်။
ဘိက္ခူစေ၀ အေးချမ်း တည်ငြိမ်စွာလမ်းလျောက်လျှက် ပြည်သူအများ၊ ကိုယ်စိတ်နှစ်ဖြာကျန်းမာ၍ မင်းဆိုးဘေး မှကင်းဝေးရန်အလို့ငှါ ပရိတ်ရွတ်၊မေတ္တာပို့သနေသော ဘုရားသားတော် အရိယာနွယ်ဝင် ရဟန်းထေရ်ရှင် တို့အား လည်းကောင်း။
မနုေဿစ မကောင်းသော မင်းယုတ်၊ မင်းညစ်တို့၏ အနိုင့်ကျင့်၊ ဗိုလ်ကျသမျှ ခံနေရသော အပြစ်မဲ့ပြည်သူ ( ကြံ့ဖွတ်၊ စွမ်းအား ရှင်မပါ) လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ ဒီမိုကရေစီ ရရှိမှုကို လိုလား ပြည်သူများစွာ တို့၏ အပေါ် ၌ လည်းကောင်း။
ဟညန္တိစေ၀ ရက်စက် ယုတ်မာ လူမဆန်စွာဖြင့်၊ နိုင်ငံတကာ အော့နှလုံး နာအောင်၊ ရိုင်းရိုင်းစိုင်းစိုင်း ညှင်းပန်း နှိပ်စက်မှု ကိုပြု၏။
ဝဓန္တိစ ငြိမ်းချမ်းမှုကိုလား ရဟန်းရှင်လူများ ပြည်သူတို့ကို နိုင်ငံတကာမှာ မည်သူမျှ မပြုကျင့်သည့် အလွန် တရာ စစ်ဆုတ် ယုတ်မာစွာ သတ်ဖြတ်မှုကိုပြု၏။
တေပုဂ္ဂလာ ထို မင်းယုတ်၊ မင်းဆိုး၊ မကောင်းဆိုးဝါး သတ္တ၀ါပေါင်း များစွာတို့သည်၊ (၀ါ) တနည်းအားဖြင့်၊ အ ကောင်း စား မာစီးဒီးကား၊လင်ခရူဇာ၊ ပါဂျရို၊ မတ်တူး စသည့်ကားများကိုစမတ်ကျကျစီး၊ သာမန်ပြည်သူတွေအပေါ်မှာတော့၊ ကားဝယ်ရသည့် ဈေးထက်(သာမန်ပြည်သူတွေ ၀ယ်မစီးနိုင်အောင်) ကားလိုင်စင် ကို မတရားမြှင့်ထား၊ မြန်မာပြည်မှာ ကားတစ်စီး ၀ယ်နိုင်ရင် နိုင်ငံတကာမှာ ကားဆယ်စီး လောက်ဝယ်စီး နိုင်ပါတယ်။
အဲသလောက်တောင်ယုတ်မာတဲ့အာဏာရှင့်စစ်အစိုးရတို့သည်။ (အကောင်းစားဖုန်း တွေကို၊အနည်းငယ်သော သူတို့ စစ်အုပ်စု ခေါင်းကြီးပိုင်း၊ သူတို့မိသားစုအသိုင်းဝိုင်းတွေ လောက် သာကြိုက်သလို စတိုင်လ်ကျကျအသုံးပြုကြ။
မနာလိုလို့ပြောသည်မဟုတ်၊ မတရားလွန်းလို့ပါ။ ပြည်သူတွေ ရဲ့ လူ့အခွင့်အရေးတွေ ကျတော့ မတရားပိတ် ဆို့ပြီး သူတို့ ကြတော့ အခွင့်အရေးကို မတရား အသုံးချ ဒီလို မတရားတာတွေ ပြည်သူတွေသိစေချင် လွန်းလို့ပါ။ မြန်မာပြည်မှာ ဖုန်းတစ်လုံးကို မြန်မာငွေ သိန်းနှစ်ဆယ်၊ အစိတ်၊ သုံးဆယ်နဲ့ဝယ်နိုင်ရင် နိုင်ငံတကာ မှာ ကားတစ်စီးကောင်းကောင်းဝယ်စီးလို့ရပါတယ်၊မယုံမရှိနဲ့ အဆွေ တို့ရေကိုယ်တွေ့ လက်တွေ့ပဲ၊ ဒါတွေကိုပြည်သူတွေအချို့လောက်သိပေမယ့် ပြည်ပရောက်နေတဲ့မြန်မာတွေအတော်များများတော့ နားလည် သဘောပေါက်ကြပါတယ်။
ပြည်တွင်းကလူတွေဒါတွေကိုမသိရခြင်းရဲ့အကြောင်းက စိတ်စေတနာ ဖြူစင်ရိုးသားပြီး သဘောထား ကြီးတဲ့ပြည်သူတွေ အပေါ်မှာ စစ်အာဏာရှင် အစိုးရရဲ့ ပြည်တွင်း ပြည်ပသတင်း မီဒီယာတွေ ကို ဖုံးကွယ် အမှောင်ချထားခြင်းကြောင့်ပါပဲ။
ဒါတောင် ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်အေ တွေရှိလို့တော်သေးတာပေါ့။
ပြည်ပမှာ ဆိုရင်၊ ပြည်ပ မပြောနဲ့ ထိုင်းနယ်စပ်က မြ၀တီမှာတောင် ဖုန်းတစ်လုံး ကို မြန်မာ ငွေလေးသောင်း၊ ငါးသောင်းလောက်နဲ့ ၀ယ်ပြီး ကြိုက်တဲ့နေရာ တကမ္ဘာလုံး ကို ဆက်လို့ရတယ်။
အိမ်နီးနားခြင်း နိုင်ငံ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အန္ဒိယနိင်ငံနဲ့ သီရိလင်္ကာစသည့် နိုင်ငံတွေမှာ ဆင့်ကာဒ် တစ်ခု ကို မြန်မာငွေ လေးထောင်၊ ငါးထောင်၊ ခြောက်ထောင်လောက် ပဲရှိပါတယ် (duration) ပေါ်မူ တည်ပြီးငွေ (amount) အနည်းငယ်ကွာဟမှုလောက်တော့ရှိပါတယ်။
နိုင်ငံတကာမှာ ဒီလို ဈေးပေါပေါနဲ့ ရတဲ့အရာတစ်ခုကို မြန်မာနိုင်ငံမှာ စစ်အာဏာရှင် တွေရဲ့ ထိန်းချုပ်မှုကြောင့် ဖုန်းတစ်လုံးမြန်မာငွေ အစိတ်၊ သုံးဆယ်ပေးနိုင်မှရပါတယ်။ အဲဒီလိုလွယ်တာကိုခက်အောင်၊ ဈေးပေါတာကို ဈေးကြီးအောင်။ အချိန်တိုတိုနဲ့ ပြီးရမည့်အရာကို အချိန်ကြာအောင် လုပ်တဲ့နေရာမှာ စစ်အာဏာရှင် အစိုးရ လောက် ကောက်ကျစ် ယုတ်မာ အတ္တဆန်သော အဖွဲ့အစည်းရယ်လို့ ကမ္ဘာပေါ်မှာ မရှိနိုင်ပါ။)

နိရယေ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် ဟူသော ချမ်းသာကင်း၍ ဆင်းရဲပြည့်နေသော အပါယ်လေးပါးသို့။ ဥပပဇ္ဖိဿန္တိ သေပြီးသည့်နောက် မုချဧကန် အမှန်မလွဲ သွားကြရလိမ့်မယ်။
No comments:
Post a Comment