ရ တနာဟူသည် လောက၌တန်ဘိုးထား မြတ်နိုးရမည့်အရာ
တ ရားဟူသည် လူမျိုးမရွေး ဘာသာမရွေး ကျင့်သုံးရမည့် မှန်ကန်မှုတစ်ခု
နာ ခံသူအားလုံး ကျင့်ကြံသူအားလုံး ကိုယ်၊စိတ်ချမ်းသာမှုကို ဖြစ်စေသည်
သုံး ပါးရတနာဟူသည်ကား ကံသုံးပါးကိုယုံကြည်သူတို့ အားထားကိုးကွယ်ရမည့်အရာ
ပါး ပါးနပ်နပ် စနစ်တကျ သေသေချာချာလေ့လာပါမှ ထဲထဲဝင်ဝင် သိနိုင်မည်
အား နာစရာမလို အချိန်မရွေး ကာလမရွေး အသေးစိတ်လေ့လာသုံးသပ်နိုင်သည်
ပူ ဇော်တယ် ဆည်းကပ်တယ် ကိုးကွယ်တယ်ဆိုတာ နှစ်သက်ကြည်ညိုမြတ်နိုးလို့
ဇော် ကန့်လန့်နဲ့ ဘိုးတော်လိုလို ဘွားတော်လိုလို ဟိုမရောက်ဒီမရောက် ဗေဒင်၊ ယတြာ
လောက်အားကိုးပြီး ယုံကြည်တာမျိုးတော့ လူဖြစ်ရှုံးယုံသာရှိတော့မပေါ့
ခြင်း လေးထဲမှာ လှူစရာလေးထည့်ပြီး မဟန ဆရာတော်တွေကို ဟန်ပြသဘောနဲ့ ကြံ
သမျှပြောစေဖို့ ကပ်လှူတာမျိုးတော့ ကိုပီတာတို့လည်းလုပ်တတ်တာပေါ့ကွယ်ရို့။
ံ
No comments:
Post a Comment