Friday, December 28, 2007

လူမိုက်ကိုရှောင် အိုတောင်မဆင်းရဲ



(၁)ဓမ္မိကာ
ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ချင်း၊ ကရင် စသည့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး မည့်သည့် အဖွဲ့အစည်း ကမှ မတင်မြောက်၊ ဘယ်သူမှလည်း အလိုမရှိ၊ အစိုးရလိုင်စင်လည်း မရှိ၊ မင်းကျင့်တရား ဆယ်ပါး နှင့်လည်း မညီ၊ အတင်း အဓမ္မလုယူလျှက်တိုင်းပြည်ကိုအုပ်ချုပ်နေသော။

(၂)သေနာယော

လက်နက်အားကိုး ပုဆိန်ရိုး၊ အကောင်းမြင်ဝါဒီသမား တွေကို တွန်းလှန်၊ ငြိမ်းချမ်းရေး နှင့် လွတ်လပ်မှု လိုလား သူအားလုံးကို မတရား နှောက်ယှက်ဖျက်ဆီး နေသော၊ မဟုတ်သတင်း တွေကို တီဗွီ၊ ရေဒိယို၊ သတင်းစာ တွေက နေ ပြည်သူတွေကို လိမ်ညာလည့်ဖျား၊ သူတို့ဘက်ကမထောက်ခံသူ တွေကို အလုံးစုံပျက်သုဉ်းရေး နှင့် ဥပဒေ မဲ့စွာ ဆောင်ရွက်နေသော အာဏာရှင်စစ်အစိုးရ သည်။

(၃)၀ဓန္တိစေဝ

ဘုရားသားတော် ရဟန်းတော်နှင့် အပြစ်မဲ့ပြည်သူ များစွာသောပြည်ထောင်စုဖွား တိုင်းရင်းသားကိုပြောင် ပြောင်တင်းတင်း၊ ဘယ်သူသေသေ ငရွှေတို့ အဖွဲ့မြဲရင်ပြီရောဆိုသည့် သဘောဖြင့် လည်းကောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် နှင့်ယဉ်ကျေးမှု အမွေအနှစ်များ၊ ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးများ ပျက်စီးရေးဆိုသည့် ကောက်ကျစ် စဉ်းလဲသော ရည်ရွယ်ချက်တွေဖြင့် မညှာမတာ ရက်စက်စွာသတ်ြဖတ်မှုကို ပြုကြ၏။

(၄)နာသန္တိစ

ယုတ်ယုတ်မာမာရိုင်းပြစွာဖြင့် ဘုရားအမှုးရှိသော ရဟန်းသံဃာတော်တွေ သတင်းသုံးနေတဲ့ကျောင်း၊ ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓ ဆိုတဲ့သာသနာသုံးရပ် ကိုပွားများအောင်၊တည့်တန့်အောင်၊ခိုင်မြဲအောင်၊သင်အံ လေ့လာ ပို့ချနေတဲ့ ငွေကြာယံကျောင်း၊မိုးကောင်းကျောင်း၊မဂ္ဂင်ကျောင်း စသည့် ဘုန်းတော်ကြီး ကျောင်းတွေကို ရန်သူစခန်းသူပုန်ဝင်စီးသကဲ့သို့၊လက်နက်အားကိုး၍ ၊ တစ်မျိုးသားလုံး၏ ကျန်းမာရေး စီးပွားရေး လူမှုရေး ဘာသာရေးနှင့် အသိ ပညာများဆုတ်ယုတ်ပျက်စီးခေါင်းပါးအောင်မိုက်မိုက်ကန်းကန်းဖျက်စီးကြ၏။
(၅) စ ပန
ဤကဲ့သို့ တရားမရှိ၊ဥပဒေမရှိ၊ အပြစ်မဲ့ပြည်သူတွေ တိုင်းရင်းသားတွေရဲ့ အပေါ်မှာ ဖျက်စီးသတ်ဖြတ်၍ အားမရ သေး၊ တစ်မျိုးသားလုံးနှင့်အကျင့်စာရိတ္တ ပျက်ပြားရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ ဖျောက်ဖျက်ရေး၊ဒေါ်လာ ဘီလျံချီရအောင်သဘာဝ သယံဇာတ ပစ္စည်းများအားရောင်းစားရေးနှင့် ပြည်သူ့ဘဏ္ဍာတွေကို ထင်သလို လုပ်နေရုံမျှ မကသေး။

(၆)ဗာလာ

ဘုရား ဘုရားမှန်းမသိ တရား တရားမှန်းမသိ သံဃာ သံဃာမှန်းမသိ ရတနာ သုံးပါးကို အာဏာလောက် မှ တန်ဖိုးမထား ကိုယ်ထင်သလို တိုင်းပြည်သူကို လက် ခုတ်ထဲကရေ လို သွန်လိုသွန် မှောက်လိုမှောက် ဖမ်းချုပ်လို ဖမ်းချုပ် ထောင်ချ လို ထောင်ချ ညှင်းဆဲ လို ညှင်းဆဲ၊ သတ်လိုသတ်၊ အဲသလို မိုက်ရူးရဲသည့် အလုပ်ကို မီးကုန် ရမ်းကုန် အောင်ကျုးလွန်နေသည့် ကောက်ကျစ်ယုတ်မာသည့် လူမိုက်သတ္တ၀ါတို့သည်။
(၈)လာန္တိ ဂဏှာန္တိ
ပြောင်ပြောင်တင်းတင်း လူ့ဘုံအလယ်မှာလက်ကိုင်ဒုတ်တွေ သေနတ်တွေဖြင့် အတင်းအဓမ္မ ခွေးရိုက်နွား ရိုက် သကဲ့သို့ဖမ်းခြင်း တစ်မျိုး၊ ညဘက်တွေမှာ ငွေကြာယံကျောင်း၊ မိုးကောင်းကျောင်း၊ မဂ္ဂင်ကျောင်း စသည့် ပရိယတ်၊ ပဋိပတ် စာသင်တိုက်ကြီးတွေကို ရန်သူစခန်း သူပုန်ဝင်စီးသကဲ့သို့ ရဟန်း သံဃာတော်များ ကို ဗရန်း ဗတာဝရုန်းသုဉ်းကားဝင်ကာ ဖမ်းဆီးခေါ်ဆောင်သွား ခြင်းတစ်ဖုံ၊ ဗျူဟာတွေအမျိုးမျိုးသုံးကာ စစ်တပ် နှင့် တကွ ကြံဖွတ်၊ စွမ်းအားရှင်တွေ လူဖမ်းပွဲတော်ကြီး ကို ပျော်ပျော်ပါးပါး ကျေကျေနပ်နပ် ကိုယ်ချင်း စာ တရား လုံးဝမရှိ ကရုဏာတရားကင်းကွာ ဗြဟ္မစိုရ်တရားတွေခေါင်းပါးစွာဖြင့် ရက်ရက် အကြမ်းဖက်လျှက် ဖမ်းဆီးမှုကိုပြုကြ၏။

(၇)နံ ဟိတကာရံ
အတ္တမဆန်ကိုယ်ကျိုးစီးပွား ကိုမလိုလား အများပြည်သူတို့ ၏ ကိုယ်ကျိုးစီးပွားကိုလိုလားသော ရဟန်းရှင်လူ ကလျာဏ မိတ္တအပေါင်းသူတော် ကောင်းတို့ကို။

မှတ်ချက်။ ပါဠိ ၊ အစဉ်မကျမည် စိုး၍ နံပါတ်(၇)ပြီးမှ(၈)ကိုဖတ်ပါရန်။

No comments:

 
/* EOT ----------------------------------------- */