*ပြည်တောင်စုကြီး အစိတ်စိတ်အမွာမွာပြိုကွဲရေး သူတို့အရေး
*တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲပျက်စီးရေး သူတို့အရေး
*အာဏာကိုမတရားလုယက်အတင်းအဓမ္မချုပ်ကိုင်အုပ်ချုပ်ရေး သူတို့အရေး
Rest of your post
*ပြည်တောင်စုကြီး အစိတ်စိတ်အမွာမွာပြိုကွဲရေး သူတို့အရေး
*တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲပျက်စီးရေး သူတို့အရေး
*အာဏာကိုမတရားလုယက်အတင်းအဓမ္မချုပ်ကိုင်အုပ်ချုပ်ရေး သူတို့အရေး
Posted by
peterwillian
at
12:33 AM
0
comments
*လက်နက်အားကိုးပုဆိန်ရိုး ဆိုးဆိုးဝါးဝါး အဓမ္မ၀ါဒီ စစ်အာဏာရှင်များနှင့်
ကြံ့ဖွတ် စွမ်းအားရှင်များအား ဆန့်ကျင်ကြ။
*ဒီမိုကရေစီရရှိရေးနှင့် လူ့အခွင့်အရေးကို မတရားချိုးဖေါက် ရဟန်းရှင်လူပြည်သူ
လူထုကို သတ်ဖြတ်နှိက်စက်ဖျက်စီးသူစစ်အစိုးရအားဆန့်ကျင်ကြ။
*ရေဒီယို သတင်းစာ တီဗွီမှ လိမ်ညာလှည့်ပြား၍ ရဟန်းရှင်လူပြည်သူများအား
ဖမ်းချုပ်နှိက်စက် သတ်ဖြတ်သော စစ်အစိုးရအားပြည်တွင်းပြည်ပမှဆန့်ကျင်ကြ။
*ပြည်တွင်း၌ ကောက်ကျစ်စဉ်းလဲ၍ မတရားအုပ်ချုပ်နေသော အာဏာရှင်စစ်
အစိုးရအား ဘုံရန်သူအဖြစ်သတ်မှတ်ကြ။
Posted by
peterwillian
at
12:20 AM
0
comments
*နိုင်ငံတော်ပြိုကွဲပျက်စီးမှုနှင့်အတူ အပြစ်မဲ့ပြည်သူတွေကိုအနိုင်ကျင့်ရေးနှင့်
မတရားအုပ်ချုပ်စိုးမိုးရေး။
*အမျိုးသားရင်ကြားစိရေးနှင့် တွေဆုံရေးကို ဖျက်သိမ်းရေး။
*မသမာသည့် အုပ်ချုပ်ပုံနည်းစနစ်များကျင့်သုံး၍ ခိုဆိုးလုယက်မှုများဖြစ်ပေါ်
လာရေး။
*ဖြစ်ပေါ်လာသည့်လူထုဆန္ဒဖေါ်ထုတ်မှုနှင့်အညီ တိုးတက်နေသောခေတ်ကြီး၌
ဆုတ်ယုတ်ပျက်စီးယိုယွင်းနေသော စီးပွားရေးပညာရေးတွေကို နိမ့်ကျသည်
ထက်နိမ့်ကျအောင်ပြုလုပ်ရေး။
Posted by
peterwillian
at
12:14 AM
0
comments
*လိမ်လည်မှုကိုအခြေခံ၍ ထွက်ပေါ်လာသည့်သဘာဝသယံဇာတပစ္စည်းများနှင့်
ပြည်သူပိုင်ဘဏဏ္ဍာများကို မိသားစုချမ်းသာကြီးပွားတိုးတက်အောင် ဒေါ်လာ
အသပြာဖြင့်ရောင်းစားရေး။
*ပြည်တွင်းဈေးကွက်ချွှတ်ခြုံကျ၍ ပြည်သူတွေမွဲပြာကျရေးနှင့် နအဖလူကြီးများ
ကြံ့ဖွတ် စွမ်းအားရှင်များ ပြီပြီပြင်ပြင် ထွန်းကားရေး။
*ပြည်တွင်းပြည်ပမှ မြန်မာအသိပညာရှင်အတတ်ပညာရှင်လူပုဂ္ဂုလ်များနှင့်
ရဟန်းသံဃာ ကျောင်းသားပြည်သူများအား မတရားဖိနှိပ် ပုတ်ခတ်၍အလုံးစုံ
ပျက်သုဉ်းအောင်ဆောင်ရွက်ရေး။
*နိုင်ငံတော်၏စီးပွားရေးတစ်ခုလုံးကို နလန်မထူနိုင်အောင်ဖန်တီး၍ သာသနာ
တော်တစ်ရပ်လုံးကို ဆုတ်ယုတ်ပျောက်ကွယ်ပျက်စီးအောင် ရက်ရက်စက်စက်
ဖြိုခွင်းနိုင်မှုသည် အာဏာရှင်နှင့်ကြံ့ဖွတ် စွမ်းအားရှင်တို့၏လက်ဝယ်တွင်ရှိရေး။
Posted by
peterwillian
at
12:05 AM
0
comments
*တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တပျက်ပြားရေး။
*အမျိုးဂုဏ် ဇာတိဂုဏ်ချိုးနှိမ်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များပျောက်ကွယ်၍
အမျိုးသားရေးလက္ခဏာများ ပျောက်ကွယ်ပျက်စီးအောင် ရက်ရက်စက်စက်
ထိုးနှက်ဖျက်ဆီးရေး။
*အမျိုးပျက်၍ အသမာသည့် အဂတိလိုက်စားမှုများ နေရာတိုင်း၌ ဖြစ်ပေါ်
လာရေး။
*တစ်မျိုးသားလုံး၏ကျန်းမာကြံ့ခိုင်မှုကို ဥပေက္ခာပြု၍ ပညာရည်နိမ့်ကျရေး။
Posted by
peterwillian
at
11:52 PM
0
comments
(၁)ဓမ္မိကာ
ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ချင်း၊ ကရင် စသည့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး မည့်သည့် အဖွဲ့အစည်း ကမှ မတင်မြောက်၊ ဘယ်သူမှလည်း အလိုမရှိ၊ အစိုးရလိုင်စင်လည်း မရှိ၊ မင်းကျင့်တရား ဆယ်ပါး နှင့်လည်း မညီ၊ အတင်း အဓမ္မလုယူလျှက်တိုင်းပြည်ကိုအုပ်ချုပ်နေသော။
(၂)သေနာယော
လက်နက်အားကိုး ပုဆိန်ရိုး၊ အကောင်းမြင်ဝါဒီသမား တွေကို တွန်းလှန်၊ ငြိမ်းချမ်းရေး နှင့် လွတ်လပ်မှု လိုလား သူအားလုံးကို မတရား နှောက်ယှက်ဖျက်ဆီး နေသော၊ မဟုတ်သတင်း တွေကို တီဗွီ၊ ရေဒိယို၊ သတင်းစာ တွေက နေ ပြည်သူတွေကို လိမ်ညာလည့်ဖျား၊ သူတို့ဘက်ကမထောက်ခံသူ တွေကို အလုံးစုံပျက်သုဉ်းရေး နှင့် ဥပဒေ မဲ့စွာ ဆောင်ရွက်နေသော အာဏာရှင်စစ်အစိုးရ သည်။
(၃)၀ဓန္တိစေဝ
ဘုရားသားတော် ရဟန်းတော်နှင့် အပြစ်မဲ့ပြည်သူ များစွာသောပြည်ထောင်စုဖွား တိုင်းရင်းသားကိုပြောင် ပြောင်တင်းတင်း၊ ဘယ်သူသေသေ ငရွှေတို့ အဖွဲ့မြဲရင်ပြီရောဆိုသည့် သဘောဖြင့် လည်းကောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် နှင့်ယဉ်ကျေးမှု အမွေအနှစ်များ၊ ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးများ ပျက်စီးရေးဆိုသည့် ကောက်ကျစ် စဉ်းလဲသော ရည်ရွယ်ချက်တွေဖြင့် မညှာမတာ ရက်စက်စွာသတ်ြဖတ်မှုကို ပြုကြ၏။
(၄)နာသန္တိစ
ယုတ်ယုတ်မာမာရိုင်းပြစွာဖြင့် ဘုရားအမှုးရှိသော ရဟန်းသံဃာတော်တွေ သတင်းသုံးနေတဲ့ကျောင်း၊ ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓ ဆိုတဲ့သာသနာသုံးရပ် ကိုပွားများအောင်၊တည့်တန့်အောင်၊ခိုင်မြဲအောင်၊သင်အံ လေ့လာ ပို့ချနေတဲ့ ငွေကြာယံကျောင်း၊မိုးကောင်းကျောင်း၊မဂ္ဂင်ကျောင်း စသည့် ဘုန်းတော်ကြီး ကျောင်းတွေကို ရန်သူစခန်းသူပုန်ဝင်စီးသကဲ့သို့၊လက်နက်အားကိုး၍ ၊ တစ်မျိုးသားလုံး၏ ကျန်းမာရေး စီးပွားရေး လူမှုရေး ဘာသာရေးနှင့် အသိ ပညာများဆုတ်ယုတ်ပျက်စီးခေါင်းပါးအောင်မိုက်မိုက်ကန်းကန်းဖျက်စီးကြ၏။
(၅) စ ပန
ဤကဲ့သို့ တရားမရှိ၊ဥပဒေမရှိ၊ အပြစ်မဲ့ပြည်သူတွေ တိုင်းရင်းသားတွေရဲ့ အပေါ်မှာ ဖျက်စီးသတ်ဖြတ်၍ အားမရ သေး၊ တစ်မျိုးသားလုံးနှင့်အကျင့်စာရိတ္တ ပျက်ပြားရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ ဖျောက်ဖျက်ရေး၊ဒေါ်လာ ဘီလျံချီရအောင်သဘာဝ သယံဇာတ ပစ္စည်းများအားရောင်းစားရေးနှင့် ပြည်သူ့ဘဏ္ဍာတွေကို ထင်သလို လုပ်နေရုံမျှ မကသေး။
(၆)ဗာလာ
ဘုရား ဘုရားမှန်းမသိ တရား တရားမှန်းမသိ သံဃာ သံဃာမှန်းမသိ ရတနာ သုံးပါးကို အာဏာလောက် မှ တန်ဖိုးမထား ကိုယ်ထင်သလို တိုင်းပြည်သူကို လက် ခုတ်ထဲကရေ လို သွန်လိုသွန် မှောက်လိုမှောက် ဖမ်းချုပ်လို ဖမ်းချုပ် ထောင်ချ လို ထောင်ချ ညှင်းဆဲ လို ညှင်းဆဲ၊ သတ်လိုသတ်၊ အဲသလို မိုက်ရူးရဲသည့် အလုပ်ကို မီးကုန် ရမ်းကုန် အောင်ကျုးလွန်နေသည့် ကောက်ကျစ်ယုတ်မာသည့် လူမိုက်သတ္တ၀ါတို့သည်။
ပြောင်ပြောင်တင်းတင်း လူ့ဘုံအလယ်မှာလက်ကိုင်ဒုတ်တွေ သေနတ်တွေဖြင့် အတင်းအဓမ္မ ခွေးရိုက်နွား ရိုက် သကဲ့သို့ဖမ်းခြင်း တစ်မျိုး၊ ညဘက်တွေမှာ ငွေကြာယံကျောင်း၊ မိုးကောင်းကျောင်း၊ မဂ္ဂင်ကျောင်း စသည့် ပရိယတ်၊ ပဋိပတ် စာသင်တိုက်ကြီးတွေကို ရန်သူစခန်း သူပုန်ဝင်စီးသကဲ့သို့ ရဟန်း သံဃာတော်များ ကို ဗရန်း ဗတာဝရုန်းသုဉ်းကားဝင်ကာ ဖမ်းဆီးခေါ်ဆောင်သွား ခြင်းတစ်ဖုံ၊ ဗျူဟာတွေအမျိုးမျိုးသုံးကာ စစ်တပ် နှင့် တကွ ကြံဖွတ်၊ စွမ်းအားရှင်တွေ လူဖမ်းပွဲတော်ကြီး ကို ပျော်ပျော်ပါးပါး ကျေကျေနပ်နပ် ကိုယ်ချင်း စာ တရား လုံးဝမရှိ ကရုဏာတရားကင်းကွာ ဗြဟ္မစိုရ်တရားတွေခေါင်းပါးစွာဖြင့် ရက်ရက် အကြမ်းဖက်လျှက် ဖမ်းဆီးမှုကိုပြုကြ၏။
(၇)နံ ဟိတကာရံ
အတ္တမဆန်ကိုယ်ကျိုးစီးပွား ကိုမလိုလား အများပြည်သူတို့ ၏ ကိုယ်ကျိုးစီးပွားကိုလိုလားသော ရဟန်းရှင်လူ ကလျာဏ မိတ္တအပေါင်းသူတော် ကောင်းတို့ကို။
မှတ်ချက်။ ပါဠိ ၊ အစဉ်မကျမည် စိုး၍ နံပါတ်(၇)ပြီးမှ(၈)ကိုဖတ်ပါရန်။
Posted by
peterwillian
at
12:23 AM
0
comments
မြန် မြန်ဆင်းလေကြိုက်လေပဲ
မာ နတွေတက်နေလို့ဘာအကျိုးရှိမှာလဲ
ပြည် သူတွေကမကြိုက်ဘူးဆိုတာသိလျှက်သားနဲ့
သူ နဲ့(ဒေါ်စုနဲ့)လည်းရင်မဆိုင်ရဲ
များ များယူပြီးနည်းနည်းပေးတတ်တဲ့လူမျိုးတွေ
က လေးတွေတောင် သဘောပေါက်နေပြီ
စစ် ဆိုတဲ့အာဏာရှင်စနစ်ဆိုးကိုလူတိုင်းကရွှံမုန်းတယ်
အ ရာရာတိုင်းကို ဒင်းတို့မကျွမ်းဘူးလေ
စိုး မိုးအုပ်ချုပ်တယ်ဆိုတာပြည်သူတွေကြိုက်မှဖြစ်တာ
ရ တိုင်းယူနေတော့ လူမုန်းများတာပေါ့
အား လုံးကဆင်းခိုင်းနေပြီပေကပ်ကပ်လုပ်တုန်းပဲ
လုံး လုံးလျားလျားကြီးကိုမျက်နှာပြောင်တိုက်လွန်းတယ်
ဝ မရှိဘဲ ၀ိမလုပ်ချင်စမ်းပါနဲ့ မန်း၊ ရေ၊ွှ အေးတို့ရယ်
အ ချင်းချင်းလည်းအဝေမတည့်
လို လားတယ်လို့တော့မထင်လိုက်နဲ့နော်
မ ရှိလေကောင်းလေပိုကြိုက်လေပဲ
ရှိ စေချင်တာက အမေစု(ဒေါ်စု)ကိုဗျ။
Posted by
peterwillian
at
4:49 AM
0
comments
Posted by
peterwillian
at
12:44 AM
0
comments
Posted by
peterwillian
at
3:49 AM
0
comments
Posted by
peterwillian
at
3:45 AM
0
comments
မေ့ အောင်ကျိုးစားပေမယ့်
ဖျောက် ဖျက်လို့မှမရတာ
အောင် တော်မူဘုရားမှာ
ကျိုး စားပန်းစားနဲ့
စား သောက်ပြီးမှ
သော် သော်နဲ့ မော်မော်ကိုခေါ်ပြီး
လဲ လျှောင်းတော်မူဗုဒ္ဓရှေ့မှာ
မ အဟွာ အဲလေ ကိုအဟွာဗေဒင်ဆရာကို
ရ မလားဆိုပြီး(ဗေဒင်)မေးကြည့်လိုက်တယ်
ပါ တဲ့ငွေလေးကုန်ပါလေရော
ဘူး ဆိုဖယုံမသီး၊၀ါးလုံးကိုဝါးခြမ်း၊ကြမ်းပိုးကိုလိပ်၊ဆင်ကိုဆိတ်ဖြစ်အောင်
လိမ်ညာလှည့်ဖျား ဟိုသတ္တ၀ါများကိုအခါတော်ပေးရတာမှအတော်ပွဆိုပဲ။
Posted by
peterwillian
at
3:45 AM
0
comments
ဝဋ် ဆိုတဲ့သဘော အများမပြော ဘုရားဟောတာ
ဆို ခရေးတီးဆိုတာကမ္ဘာ့ပညာရှင်စာပေသမား ဒင်းတို့နဲ့တော့တခြား
တာ တေလံအောင်မိုက်ချက်ကကန်းကုန် ဟူစိန်၊ ဘင်လာတောင်အရှုံးပေးရ
လည် တဲ့နေရာမှာဘယ်သူမှမမီ တိုင်းနဲ့ပြည်သူအကုန်သိသည်
တတ် တယ်ဆိုတာဘာမှအရှိ၊ခိုးတတ် လိမ်တတ်တာပဲ ဒင်းတို့သိ
တယ် လေ..ငါ..”တောက်”ကောဓ အမျက်၊ဒေါသထွက်တာ ဒင်းတို့ကြောင့်။
Posted by
peterwillian
at
3:43 AM
0
comments
ပြော လိုက်တော့မယ်နော်
ရ ထားဘူတာရုံမှာတော့မဟုတ်
မှာ စရာမလိုပါဘူးဆို
အား အီး အိုး လို့အော်ရလောက်အောင် များပြားလှတဲ့အဆောင်အယောင်
နာ တယ်ဆိုတာသူတို့မှာလုံးဝမရှိ
လိုက် သွားရင်တော့အကြိုက်စားပဲ
တာ တေ(တေဇ)တို့ကတော့ထိပ်ဆုံးကအကြိတ်ဆုံးပေါ့။
Posted by
peterwillian
at
3:40 AM
0
comments
လုပ် တယ်လုပ်တယ်နဲ့လိမ်တာကိုလုပ်နေကြတာ
ချ တယ်ဆိုတာကတော့ ကျောင်းသားပြည်သူ ရဟန်းသံဃာတော်တွေကို
လိုက် ပြီးစုံစမ်းစရာမလိုပါဘူး
ပြန် ပြောပြနေတဲ့ ဘီဘီစီ ဗွီအိုအေ အာရ်အက်ဖ်အေ ရှိတယ်
ပြီ ပြီပြင်ပြင်ကို အသေးစိတ်သိနေရတာ
လား လားနဲ့တစ်မေးတည်းမေးနေစရာမလိုပါဘူး
ကွာ ဟချက်အကောင်းအဆိုးက ကောင်းကင်နဲ့မြေကြီးပဲ။
Posted by
peterwillian
at
3:34 AM
0
comments
မိုး လုံးပြည့်အောင်မုသာဝါဒတွေဆောင်
လုံး ၀လုံးဝမယုံကြည် ဒင်းတို့အကြောင်းအကုန်သိသည်
ပြည့် စုံကြွယ်ဝတယ်ဆိုတာ ဒင်းတို့လူတစ်စု ဘယ်သူမှလည်းမမှု
မု ဆိုးမ၊ တစ်လင်ကွာ၊ တစ်ခုလပ် ဒင်းတို့လက်ထက်ကြမှထမင်းငတ်
သာ သနာတော်ကိုဂရုမစိုက် ဘိနပ်တွေနဲ့တောင်ရိုက်
ဝါ ၀ါမြင်အကုန်ဆွဲ ကြံ့ဖွတ်၊ စွမ်းအားရှင်တွေလက်ချက်ပဲ
ဒ ကာအဖြစ် ဆွမ်း ရေကပ် ကိုကျော်သူ ကိုဇာဂနာတို့လည်းအမှုပတ်။
Posted by
peterwillian
at
5:52 AM
0
comments
အ တ,တလုပ်မနေကြပါနဲ့
ဆွေ မျိုးတွေလည်းပြောပြပါ
တော် ယုံတန်ယုံနဲ့တော့မဖြစ်ဘူးနော်
တို့ ဘက်ကခံနေရတာများပြီ
လည်း နဲ့လဲကိုအမှားအမှန် ငြင်းရမယ့်အချိန်မဟုတ်တော့ဘူး
သတ္တိ ကောင်းမှဖြစ်မှာ
ရှိ တာလေးနဲ့ကျေနပ်မနေကြပါနဲ့
ကြ တ်ပြေးဆိုတာ မကောင်းဆိုးဝါးတွေနေတာ
စမ်း တစ်ဝါးဝါးလုပ်လို့ကတော့
ပါ သွားလိမ့်မယ်။
Posted by
peterwillian
at
5:50 AM
0
comments
ရူး တယ်ဆိုတာကောင်းတယ်များမှတ်နေလား
ချင် တယ်ဆိုတာမကောင်းတာတွေကို(လုပ်)ချင်နေကြတာ
ယောင် တောင်တောင်နဲ့ဘာမှလည်း အသုံးမကျ
ဆောင် တော်ကူးပြီမောင်တော်ရူးလုပ်နေကြတယ်
မ သိဘူးလို့တော့မထင်လိုက်နဲ့နော်
နေ သားကျနေတော့လည်း မဆင်းချင်တော့ဘူးပေါ့လေ
နဲ့ နဲ့ နဲ့ နဲ့ လှုပ်တုတ်လှုပ်တုတ်နဲ့ နောင်တမရသေးတာရှက်စရာကြီးပါ။
Posted by
peterwillian
at
5:30 AM
0
comments
အ ကောင်းဆုံးဆိုတဲ့စိန်ရတနာကို
ပါး ပြင်ပေါ်ကနားမှာဆင် ခေါင်းမှာတင်ပြီး
လည် ပင်းမှာလည်းစိန်ရွှေရတနာ
ရင် သားပေါ်မှာအရောင်တစ်ဖိတ်ဖိတ်
အ ကောင်းဆုံးဆိုတဲ့အစားအစာကို မတရားပြင်ကာ ကျား၊ခြင်္သေ့ပမာစား
ပါယ် ဆိုတဲ့အပါယ်လေးပါးသွားရမှာကို
လား လားမှနားမလည်၊ဒေါ်လာအသပြာကိုအကြိုက်သုံး
မယ် မယ်(ကြိုင်ကြိုင်)တို့က ပါးရေတွန့်အောင်ပြုံး။
Posted by
peterwillian
at
5:27 AM
0
comments
ကျန်း မာပါမှ ပညာရေး၊ဘာသာရေး၊လူမှုရေး၊စီပွားရေး၊နိုင်ငံေ ရးတွေပြုလုပ်နိုင်မည်
မာ နတွေမထားကြပဲ တစ်ဦးအပေါ်တစ်ဦးကူညီစောင့်ရောက်ကြပါ
ချမ်း သာခြင်းကို ညီညွတ်စွာရယူ၍ မျှတစွာသုံးဆောင်ပါ
သာ ယာဝပြောမှုနှင့်အတူ လွတ်လပ်စွာနေနိုင်အောင် စိတ်တူကိုယ်တူရှိကြပါ
ကြ တ်ပြေးကအမြတ်သူဌေးများလည်း ကိုယ်ချင်းစာတရားရှိအောင်ကျိုးစားကြပါ
ပါ ပဆိုတဲ့မကောင်းမှု၊မတရားမှု၊ရက်စက်ယုတ်မာမှုတွေကို ပြုလုပ်ခြင်းမှရှောင်ကြပါ
စေ တနာ ဆိုတာရောင်ပြန်ဟတ်တာမို့ စိတ်ကောင်းနှလုံးကောင်းမွေးမြူကြပါ။
Posted by
peterwillian
at
3:37 AM
0
comments
လွတ် လပ်မှုဘယ်နေရာမှမရှိ
လပ် နေတဲ့နေရာကိုဖြည့်ပေးရမယ်
မှု ကိုမမှုတာပြည်သူတွေရဲ့တကယ့်သတ္တိ
ကို ယ် တစ်ဦး၊တစ်ဖွဲ့တည်းလွတ်လပ်နေတာ ဒီမိုကရေစီမဟုတ်
ငတ် နေကြတာကို ဒင်းတို့သိလျှက်သားနဲ့
မွတ် တယ်ဆိုတာတောင့်တမှုပါ
နေ နိုင်လိုက်တာကွာ ဥပေက္ခာပြုပြီးတော့
ကြ ခတ်ဝိုင်းလည်းပါတာပဲ
တာ ဘောင်တွေဆည်တွေက စားလို့မရဘူးလေ
ပြည် သူတွေစိတ်ချမ်းသာမှုနဲ့အတူ ဒီမိုကရေစီရမှ
မြန် မြန်ဆန်ဆန်တိုးတက်မယ်
မာ တယ်ဆိုတာ ရဟန်းသံဃာ၊ကျောင်းသား၊ပြည်သူတို့ရဲ့စိတ်ဓာတ်။
Posted by
peterwillian
at
1:23 AM
0
comments
ဘုရား ဆိုတာလောကသုံးပါးမှာအတုမရှိ၊သာလွန်မြင့်မြတ်တဲ့ဗုဒ္ဓ
သား တော်တွေကရဟန်းသံဃာ
ကျောင်း ဆိုတာအသိပညာ၊အတတ်ပညာ၊အလိမ္မာတွေပေးတဲ့နေရာ
သား ဆိုတာကအမျိုးချစ်တဲ့ မျိုးဆက်သစ်ကျောင်းသား၊အမျိုးဖျက်သူတောင်းစားမဟုတ်
စစ် ဆိုတာအမိန့်ပေးတိုင်းပစ်ရမည်ဆိုပါလျှင်
သား ရတနာဖြစ်ဖို့မွေးထုတ်ပေးတဲ့၊ကျေးဇူးရှင်မွေးမိခင်ကိုစော်ကားသလိုဖြစ်ကုန်မှာပေါ့။
Posted by
peterwillian
at
12:39 AM
0
comments
မင်း ဆိုတဲ့သတ္တ၀ါဟာ ရန်သူမျိုးငါးပါးထဲကတစ်ပါး
တို့ ကဟိုးငယ်ငယ် ကလေးဘ၀ကသင်ခဲ့ရတာ
လေး လေးနက်နက် သေသေချာချာသိတာနော်
တွေ ဝေပြီးငေးမောမနေကြပါနဲ့
သိ သင့်တာကိုသိအောင် ငယ်ကတည်းကလုပ်ထားပါ
ပါ သွားတယ်ဆိုတာအçလို့၊ နလို့ခံရတာကွယ့်
စေ တနာနဲ့ပြောတာပါ ကလေးတို့ရယ်။
Posted by
peterwillian
at
4:07 AM
0
comments
အ ကောင်းဆုံးအရာတွေကိုမျော်လင့်
ရုဏ် နဲ့ရုံဆိုတာအဓိပ္ပါယ်မတူ
ဦး ဆောင်ဦးရွက်ရှိမှတိုးတက်နိုင်မည်
ရောင် ခြည်အလင်းရောက်မည်မယွင်း
နီ သောအရာသည်ရဲရင့်ခြင်း
ပြိုး ပြိုးပြက်ပြက်ထိုးထွက်နေပြီ
ပြီ ပြင်ထင်ရှားမြင်နိုင်ပါပြီဗျား။
Posted by
peterwillian
at
3:58 AM
0
comments
ရ တနာဟူသည် လောက၌တန်ဘိုးထား မြတ်နိုးရမည့်အရာ
တ ရားဟူသည် လူမျိုးမရွေး ဘာသာမရွေး ကျင့်သုံးရမည့် မှန်ကန်မှုတစ်ခု
နာ ခံသူအားလုံး ကျင့်ကြံသူအားလုံး ကိုယ်၊စိတ်ချမ်းသာမှုကို ဖြစ်စေသည်
သုံး ပါးရတနာဟူသည်ကား ကံသုံးပါးကိုယုံကြည်သူတို့ အားထားကိုးကွယ်ရမည့်အရာ
ပါး ပါးနပ်နပ် စနစ်တကျ သေသေချာချာလေ့လာပါမှ ထဲထဲဝင်ဝင် သိနိုင်မည်
အား နာစရာမလို အချိန်မရွေး ကာလမရွေး အသေးစိတ်လေ့လာသုံးသပ်နိုင်သည်
ပူ ဇော်တယ် ဆည်းကပ်တယ် ကိုးကွယ်တယ်ဆိုတာ နှစ်သက်ကြည်ညိုမြတ်နိုးလို့
ဇော် ကန့်လန့်နဲ့ ဘိုးတော်လိုလို ဘွားတော်လိုလို ဟိုမရောက်ဒီမရောက် ဗေဒင်၊ ယတြာ
လောက်အားကိုးပြီး ယုံကြည်တာမျိုးတော့ လူဖြစ်ရှုံးယုံသာရှိတော့မပေါ့
ခြင်း လေးထဲမှာ လှူစရာလေးထည့်ပြီး မဟန ဆရာတော်တွေကို ဟန်ပြသဘောနဲ့ ကြံ
သမျှပြောစေဖို့ ကပ်လှူတာမျိုးတော့ ကိုပီတာတို့လည်းလုပ်တတ်တာပေါ့ကွယ်ရို့။
ံ
Posted by
peterwillian
at
3:56 AM
0
comments